၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ အစိမ်းနုရောင်ကတ်

August 27, 2017 | Author: rohingyablogger | Category: N/A
Share Embed Donate


Short Description

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ အစိမ်းနုရောင်ကတ် မောင်ရွှေခိုင် (ကစ္ဆပနဒီ) ရေးသားပြု...

Description

1

စာရေးသူ၏ အမှာစာ



စာရေးသူသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဇာတိဖွားတစ်ဦး

ဖြစ်သည်။ စာရေးသူ၏အထက် ငါးဆက်မြောက် အဖိုးသည် ကျွန်းအုပ်တစ်ဦး ဖြစ်ခဲ့ သည်။ မိခင်ဘက်မှ အဖိုး ဦးအဒူကာဒီသည် ကျောက်တော်မြို့၏ ရွာပေါင်း ၁၀၀ ကျော်ကို အုပ်ချုပ်ရသော မြို့သူကြီးတစ်ဦးဖြစ်ခဲ့သည်။ ထူးခြားချက်မှာ ကျောက် တော်မြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ ရွာသည် ၂၂ ရွာရှိပြီး၊ ကျန်အများစုမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ ရွာဖြစ်သည်။ အဖိုး၏ တရားမျှတစွာအုပ်ချုပ်မှုကြောင့် ရခိုင်ရွာအများစုမှလည်း အဖိုး၏ အုပ်ချုပ်မှုကို လိုလား၍ နိုင်ငံတော်မှ သမာဓိမြို့ဝန် ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၅၈ ခုနှစ် တစ်ပြည်လုံး အမျိုးသားမှတ်ပုံတင် ကတ်ပြား NRC ကို ထုတ်ပေးချိန်တွင် ကျောက်တော်မြို့တွင် အဖိုး၏ လက်မှတ်ဖြင့် နိုင်ငံသားဖြစ်ကြောင်း အတည်ပြု၍ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အဖိုးသည် အစ္စလာမ် ဘာသာဝင်များကို သာမက ဗုဒ္ဓဘာသာဝင်များကိုလည်း စာရင်းထိန်းလက်မှတ်ဖြင့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အဖိုးသည် ကျောက်တော်မြို့၏ တရားသူကြီးတစ်ဦးလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ကျောက်တော်မြို့ ဓမ္မာရုံ ဖြစ်မြောက်ရေးကော်မတီတွင် မိခင်၏ ဖခင်ဖြစ်သူ ဦးအဒူကာဒီ၊ ဖခင်ဘက်မှလည်း စာရေးသူ၏အဖိုး ဦးအဇီမူဒ္ဒိန် (ကျောင်းအုပ်ဆရာကြီး)နှင့် ဦးအဘူခိုင် တို့ပါဝင်ကာ ဓမ္မာရုံကိုတည်ဆောက်ခဲ့သည်။ ယခုအချိန်ထိ ကျောက်တော်ဓမ္မာရုံ၏ ဘေးပတ် လည် အုတ်နံရံများတွင် အဖိုးတို့၏အမည်များကို ကမ္ပည်းထိုး မှတ်တမ်းပြုထား

2 ကြောင်း တွေ့မြင်နိုင်ပါသည်။

ကျောက်တော်မြို့မှ အစ္စလာမ်ဘာသာဝင်များသည် ရခိုင်ဘုရင် လက်

ထက်မှ စ၍ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် အေးအတူ ပူအမျှ လက်တွဲနေထိုင်ခဲ့ကြသူ များဖြစ်သည်။ ဘိုးဘွားများလက်ထက် အေးချမ်းသာယာခဲ့သော ရခိုင်ပြည်ကြီးသည် ယခုအချိန်တွင်

အဘယ်ကြောင့်

ပြဿနာပေါင်းစုံနှင့်

ရင်ဆိုင်နေရပါသနည်း

ဆိုသော အဖြေကို နက်နက်နဲနဲ ဂဃနဏ သိထားရန်လိုအပ်ပါသည်။ မိမိတို့ လက်ထက်တွင် ဖြစ်ပျက်နေသော ပြဿနာများသည် မိမိနှင့် မဆိုင်သလို ရေငုံ နှုတ်ပိတ်နေလျှင် မိမိ၌လည်း တာဝန်မကင်းဟု ယူဆကာ ငြိမ်းချမ်းသာယာသော လူ့ဘောင်၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန် ရည်သန်၍ ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။ ဤစာတမ်းကို အကြောင်းခံ၍ နိုင်ငံတော် အတွက်သော် လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်အတွက်သော် လည်းကောင်း၊ လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်အတွက် တစ်စုံတစ်ရာ အစိတ်အပိုင်းတစ်ခု၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အကျိုးခံစားရလျှင် ဤစာတမ်းကို ပြုစုရသည့် အပင်ပန်း ခံရကျိုးနပ်သည် ဟု မျှော်လင့်လျက်မောင်ရွှေခိုင် (ကစ္ဆပနဒီ)

3

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ အစိမ်းနုရောင်ကတ်



မြန်မာနိုင်ငံတွင် နိုင်ငံသားဥပဒေဟူ၍ ၂-ခု ရှိခဲ့သည်။ ပထမတစ်ခုသည်

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးဆောင်ပြီး ရေးဆွဲသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပါလီမန်တွင် အတည်ပြု ပြဋ္ဌာန်းရေးဆွဲခဲ့သော ၁၉၄၈ နိုင်ငံသား ဥပဒေနှင့် အာဏာရှင် ဦးနေဝင်းမှ ဒေါက်တာမောင်မောင်အား စေခိုင်းရေးဆွဲခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေဟူ၍ ဖြစ်သည်။ သို့သော်လည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှား နေသူများပင်လျှင် အနာဂတ် မြန်မာနိုင်ငံတော်ကြီး တိုးတက် ဖွံ့ဖြိုး သာယာရေးနှင့် တိုင်းရင်းသားပြည်သူ

တစ်ရပ်လုံး

အဓွန့်ရှည်

တည်ရှိနေရန်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ၁၉၄၈ နိုင်ငံသား ဥပဒေကို မျက်စိစုံမှိတ် ငြင်းပယ်ကာ မိမိတို့ အလွန်တရာ မုန်းတီးပါသည် ဆိုသော အာဏာရှင်ဦးနေဝင်း တစ်ဖက်သတ် ရေးဆွဲခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ထောက်ခံနေခြင်းအား အံ့ဩစွာဖြင့် တွေ့မြင်ရပါသည်။

မည်သို့ပင်ဆိုစေကာမူ ၁၉၈၂ နိုင်ငံသားဥပဒေနှင့် နည်းဥပဒေများတွင် ပုံစံ

နိုင်(၂) လျှောက်ထားပြီးသူများအား တဖန် နိုင်ငံသားစိစစ်ခံရမည့်ကတ်ကို ထုတ် ပေးရန် ဥပဒေတွင် မပါရှိသောကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေ မည်သည့် ပုဒ်မအရ တဖန်နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ

4 အစိမ်းနုရောင်ကတ်ကို အဘယ့်ကြောင့် ထုတ်ပေးနေရပါသနည်း ဟူသော မေးခွန်း ပေါ်ပေါက်လာပါသည်။

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၇၆ အရ (က) ၁၉၄၈ ခုနှစ်

ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် (ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအား ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်ဟု ပါရှိပါသည်။ သို့သော် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၂(စ) အရ နိုင်ငံသားလက်မှတ်ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေအရ ဖြစ်စေ၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံသားဖြစ်မှု အက်ဥပဒေအရဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ ထုတ်ပေးထားသော နိုင်ငံသားလက်မှတ်ကို ဆိုလိုသည်ဟု ပါရှိရာ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ မည်သို့သောသူတို့သည် နိုင်ငံသားလက်မှတ်ကို ရရှိခဲ့သည်ကို သိထားရန် လိုအပ်လာပါသည်။ ယခု မြန်မာနိုင်ငံသားများ လက်ဝယ် တွင်ရှိသော ပန်းရောင်ကတ်များသည် နိုင်ငံသား လက်မှတ်မဟုတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား - နိုင် ၆(က) သာလျှင်ဖြစ်သည်။ နိုင်ငံသားလက်မှတ် (နိုင်-၆)နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား နိုင် ၆(က) သည် အနှစ်သာရ တန်ဖိုးချင်းမတူပါ။

နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ နိုင် ၆(က) ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်

ရာ ဥပဒေပုဒ်မ ၄၆၈ အရ (၇) နှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ် နိုင်ပြီး နိုင်ငံသားလက်မှတ် (နိုင်- ၆) ကို အတုပြုလုပ်လျှင် နိုင်ငံသားဥပဒေ ပုဒ်မ ၂၁ အရ ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ် ငါးသောင်းကျပ်ကို ပေးဆောင်ရမည် ဖြစ်သည်။ ဒါ့ကြောင့် နိုင်ငံသားလက်မှတ်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားထက် အစစအရာရာ သာလွန်နေသည်။

5

အထက်တွင် ဆိုခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်

ရေး) အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ အရ

မည်သို့သော

သူတို့သည်

နိုင်ငံသားလက်မှတ်ရရှိခဲ့သနည်း

ဟူသော

အကြောင်းအရာကို မရှင်းခင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက် ၂ ရပ်ကို သိထားရန် လိုအပ်လာပေသည်။ ပုဒ်မ ၁၀။ ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးတွင် နိုင်ငံသားဟူ၍ တစ်မျိုးသာ ရှိရမည်။ ပုဒ်မ ၁၁။ (က)

မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင်ဖြစ်သော (သို့တည်း မဟုတ်) ဖြစ်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်း ကောင်း၊

(ခ)

မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော (သို့တည်း မဟုတ်) ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွားသူတိုင်းသည် လည်းကောင်း၊

(ဂ)

ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံဥပဒေစတင် အာဏာတည်သည့်နေ့တွင် အသက်ရှင် နေသည်ဖြစ်ပါက တိုင်းရင်းသားအဖြစ် ရယူခွင့်ရှိသော မိဘ နှစ်ပါးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင် လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွား သူတိုင်းသည် လည်းကောင်း၊

6 (ဃ)

ဗြိတိသျှ ဘုရင်မင်းမြတ် အာဏာပြန့်ရာ နယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည် ဖြစ်၍ ဤအခြေခံ ဥပဒေ စတင်အာဏာတည်သည့် နေ့မှ အထက်(သို့တည်း မဟုတ်) ၁၉၄၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ် အတွင်းတွင် ရှစ်နှစ် အောက်မဟုတ်သော

ကာလအဖို့

ပြည်ထောင်စုနိုင်ငံအတွင်း

တွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ဖူး လျှင်၊ ပြည်ထောင်စု အတွင်းတွင် ထာဝစဉ်နေထိုင်ရန် ကြံရွယ်ခဲ့ သည်ဖြစ်၍ ထို့ပြင် တရားဥပဒေဖြင့် သတ်မှတ်သော အချိန် အတွင်းတွင် ထိုသို့ သတ်မှတ်သော နည်းလမ်းနှင့်အညီ ပြည် ထောင်စု နိငု င် သာံးအဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော်သတူ ငိုးသည် လည်းကောင်း ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်ဟု ပါရှိ ပါသည်။

ယခုတစ်ဖန် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်

ဥပဒေကို တင်ပြပါမည်။ ဤဥပဒေကို ၃-၅-၁၉၄၈ ခုနှစ် နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ပြဋ္ဌာန်းခဲ့သည့် ရည်ရွယ်ချက်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ တွင် ဖော်ပြထားသည့် ပြည်ထောင်စု နိုင်ငံသားအဖြစ် ရွေးချယ်ခြင်းကို ထုတ် ဖော်သူတို့ အတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ အဆိုပါဥပဒေ ပုဒ်မ (၃) တွင် (က) မွေးဖွားစဉ်က ဗြိတိသျှ ဘုရင်မင်းမြတ် အာဏာပိုင်နက်တွင် ပါဝင် သော နယ်မြေတစ်ခုခု၌ မွေးဖွားခဲ့သူဖြစ်ခြင်း၊

7 (ခ) ၁၉၄၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ သို့တည်းမဟုတ် ၁၉၄၈ ခုနှစ် ဇန်န ဝါရီလ ၄ ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ် အတွင်း ရှစ်နှစ်အောက် မဟုတ်သော ကာလအဖို့ ပြည်ထောင်စု နိုင်ငံတော် အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူးသူဖြစ်ခြင်း၊ (ဂ)

အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ခြင်း၊

(ဃ) ပြည်ထောင်စု မြန်မာနိုင်ငံတော် လုံခြုံမှုကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြား ရေးကိုသော် လည်းကောင်း၊ အကျိုးစီးပွားကိုသော် လည်းကောင်း ပျက်ပြား နစ်နာအောင် မလုပ်ခဲ့ဘူးသူဖြစ်ခြင်း၊ ထို့ပြင် (င) ၁၉၄၈ ခုနှစ် ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ (၂) တွင် အဓိပ္ပာယ်ဖော်ပြထားသည့် အတိုင်း အရည်အချင်း ချို့တဲ့သူ မဟုတ်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံလျှင် နိုင်ငံသား လက်မှတ် ရလိုကြောင်း လျှောက်ထားနိုင်သည်ဟု ပြဋ္ဌာန်းကာ စိစစ်ပြီးနောက် မှန်ကန်လျှင် ဝန်ကြီးက နိုင်ငံသားလက်မှတ်ထုတ် ပေးရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ဤဥပဒေနှင့် ကိုက်ညီသော အိန္ဒိယနှင့်

တရုတ်လူမျိုးများသည်

နိုင်ငံသားအဖြစ်လျှောက်

ထားပြီး UCC ခေါ် Union Citizen Certificate လက်မှတ်ကိုရရှိခဲ့ ပါသည်။ အချို့မှာ လျှောက်ထားဆဲ ဖြစ်ခဲ့ပြီး မည်သည့် ဆုံးဖြတ် ချက်မှ မရရှိခဲ့သူများလည်း ရှိခဲ့သည်။

8 ရိုဟင်ဂျာများ အလိုအလျောက်နိုင်ငံသားဖြစ်ခြင်း

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်

ရွေးချယ်ရေး အက်ဥပဒေနှင့် အကျုံးမဝင်သောကြောင့် လျှောက်ထားရန် စေခိုင်း ခြင်းမရှိပါ။

ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ၄-၁-၁၉၄၈ ခုနှစ်တွင်

ပြဋ္ဌာန်း အတည်ပြုခဲ့ပြီး မည်သူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်သည် ဆိုသော အချက်ကို ဤဥပဒေတွင် အသေးစိတ် ရှင်းလင်းစွာ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ပုဒ်မ ၄(၁) တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က) (ခ) (ဂ) နှင့် (ဃ)

တို့အရ နိုင်ငံသားဖြစ်ပြီးသူများသည် လည်းကောင်း၊

ပုဒ်မ ၄(၂) တွင် ဘိုးဘွားအားလုံး လက်ထက်မှစ၍ မြန်မာနိုင်ငံအတွင်း

အခြေစိုက်နေထိုင်လာခဲ့ သည့်အပြင် မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် မြန်မာနိုင်ငံ အတွင်း မွေးဖွားသူတိုင်းသည် လည်းကောင်း နိုင်ငံသားဖြစ်သည်ဟု သတ်မှတ်ထား သည်ကို တွေ့ရပါသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်

ရွေးချယ်ရေး အက်ဥပဒေအရ လျှောက်ထားခြင်းမရှိဘဲ အလိုအလျောက် နိုင်ငံသား ဖြစ်သည်ကို အောက်ပါအချက်များအရ ပိုမို၍ ခိုင်လုံသည်။

၁၉၆၀ ပြည့်နှစ် မြန်မာနိုင်ငံ စီရင်ထုံးများ စာ ၂၁၅၊ ဆော်ယော့အာလမ်

(ခ) ဆော်ယော့ခန်းအာမက်ပါ (၂၃)ဦးနှင့် လဝက အတွင်းဝန်ပါ (၂)စီရင်ထုံးတွင် “မောင်တောမြို့”နယ်ပိုင် ဝန်ထောက်မင်းနှင့် အလားတူ လူဝင်မှု အရေးပေါ် အက် ဥပဒေအရ အာဏာများ အပ်နှင်းခြင်းခံရသူ အာဏာပိုင်များကို လေးနက်စွာ အသိ

9 ပေးလိုသည်မှာ မိမိတို့အသုံးပြုရမည့် အာဏာများသည် အထူးပင် ကျယ်ပြန့်လှ သည်။ ပြည်နှင်ဒဏ်အမိန့်ဆိုသည်မှာ နိုင်ငံခြားသားတစ်ဦးအတွက် ဖြစ်စေကာမူ အထူးပင် ကြီးလေးသော ပြစ်ဒဏ်ဖြစ်၍ မှားယွင်းပြီး ပြည်ထောင်စုသား တစ်ဦးဦးကို မှားယွင်းပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါမူ သေဒဏ်နီးနီး ကြီးလေးသည့် ပြစ်ဒဏ်ဖြစ်ပေ မည်။ သို့မဟုတ် ပြည်နှင်ဒဏ်အမိန့်များကို မပေးမီ လေးနက်စွာ ဝေဖန်သင့်သည် ဟူ၍လည်းကောင်း၊

“မြန်မာနှင့် အသွင်မတူ မြန်မာစကားမတတ် မြန်မာပြည်တွင် ဘယ်တုန်းက

ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သော ပြည်ထောင်စု တိုင်းရင်းသားများ ရှိကြသေးသည်။ ရခိုင်တိုင်းဒေသတွင် မြန်မာစကားမတတ်သူ ပြည်ထောင်စုသား အမြောက်အမြား ရှိနိုင်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄(၂) အရ ရှေးအခါက နိုင်ငံခြားမှ လာရောက် နေထိုင်ကြသူများမှ ဆင်းသက်လာသော မြေး မြစ်များသည် ဥပဒေအရ နိုင်ငံသားဖြစ်ကြောင်းကို သတိမူသင့်သည်”ဟု ကောက် ယူ သုံးသပ်ကာ ပြည်နှင်ဒဏ်အမိန့်ကို ပယ်ဖျက်ခဲ့သည်။ စီရင်ဆုံးဖြတ်ခဲ့သော တရားသူကြီးနှစ်ဦးမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ (အလားတူ စာချွန် တော်ဖြင့် စီရင်ဆုံးဖြတ်ထားသော စီရင်ချက်ပေါင်းများစွာ ရှိပါသည်။)

ဘူးသီးတောင်မြို့နယ် တရားရုံး၏ Judical department Case No. E4A

/ CTZ အမှုတွင် Citizenship Election Officer ဖြစ်သူ ဦးသာဇံက ၃၁-၁၂-၁၉၄၉ ရက်စွဲဖြင့် လက်မှတ်ရေးထိုးပြီး Abdul Zolil ဆိုသူထံ ပေးပို့သည့် စာတွင် လူကြီးမင်း ၏ ၁၈-၁၂-၁၉၄၉ ရက်စွဲပါ နိုင်ငံသားလျှောက်လွှာကို စိစစ်ရာ လူကြီးမင်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၃(၁) အရ ဤနိုင်ငံ၏ တိုင်းရင်းသားတစ်ဦး ဖြစ်ကြောင်း တွေ့ရသဖြင့် နိုင်ငံသားအဖြစ် လျှောက်ထားရန်

10 မလိုအပ်ကြောင်း ဖော်ပြပြန်ကြားခဲ့ပါသည်။ (ဦးသာဇံမှာ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ အဘိုးဖြစ်သည်။)

နိုင်ငံခြားသား အက်ဥပဒေ

မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီ နယ်ချဲ့ အင်္ဂလိပ်များအုပ်ချုပ်စဉ်ကာလ

၁၂-၂-၁၈၆၄ ခုနှစ်တွင် Indian Act 111 - 1864 ဖြင့် The Foreigners Act ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၎င်းနောက် ၂၃-၃-၁၉၄၀ ခုနှစ်တွင် Burma Act VII 1940 ဖြင့် The Registration of Foreigners Act နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်း ဥပဒေ The Registration of Foreigners Rule ၁၉၄၈ ကို ပြဋ္ဌာန်းခဲ့ကြောင်း တွေ့ ရသည်။ ဤဥပဒေအရ နိုင်ငံခြားသားများသည် မြန်မာပြည်တွင် ရောက်ရှိပါက မှတ်ပုံတင်ထားရန် လိုအပ်ပြီး FRC လက်မှတ်ထုတ်ပေးကာ အခွန်ဆောင်စေခဲ့သည်။ အကယ်၍ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမှ ဥပဒေအရ ဖမ်းဆီးအရေးယူ နိုင်သည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအား မည်သည့်အစိုးရကမျှ နိုင်ငံခြားသား အဖြစ် မှတ်ပုံတင်ပါဟူ၍ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့ပါ။

၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေ

လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း

နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ထိုအက်ဥပဒေကို အကောင်အထည်

11 ဖော်နိုင်ရေးအတွက် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ရာ နည်းဥပဒေ ပုဒ်မ (၃၃)အရ နိုင်ငံခြား သားများကို မှတ်ပုံတင်ခွင့် မရှိစေရဟု ပါရှိသည်။ ထို့ကြောင့် ဤဥပဒေအရ ရခိုင် ပြည်နယ်မှ ရိုဟင်ဂျာများသည် နိုင်ငံခြားသားများ မဟုတ်သောကြောင့် အခြား တိုင်းရင်းသားများ နည်းတူ ဤဥပဒေတွင် မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံအတွင်း

နေထိုင်သူ

နိုင်ငံသားများအား

ထိုနည်းဥပဒေ၏

နောက်ဆက်တွဲ ဇယားတွင် ဖော်ပြထားသော မှတ်ပုံတင် စာရင်းပုံစံ (၁)တွင် မှတ်ပုံ တင် စာရင်းသွင်းကြရပါသည်။ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းထားသူများအနက် အသက် (၁၂)နှစ်ပြည့်သူများအား နည်းဥပဒေ နောက်ဆက်တွဲ ဇယားတွင် ပါရှိ သော ပုံစံ(၂)ဖြစ်သည့် သက်သေခံ ကတ်ပြားတစ်စောင် ထုတ်ပေးသည်။ ၎င်းကတ် ပြား ကို အမျိုးသားမှတ်ပုံတင်ကတ်၊ NRC၊ သုံးခေါက်ချိုးမှတ်ပုံတင် စသည်ဖြင့် ခေါ် ဝေါ်သုံးစွဲကြပါသည်။

ပုံစံ (၁)တွင် နည်းလမ်းတကျ လုံလောက်စွာ မှတ်ပုံတင်ပြီးဖြစ်သူအား

ထုတ်ပေးထားသော ပုံစံ(၂) သက်သေခံ ကတ်ပြား ပျောက်ဆုံး၊ ပျက်စီး၊ မထင်မရှား ဖြစ်သဖြင့် သက်သေခံကတ်ပြား အသစ်ထုတ်ပေးရန် လျှောက်ထားသည့် ကိစ္စတွင် မှတ်ပုံတင်အရာရှိက ပုံစံ(၂)ထုတ်ပေးခြင်း မပြုမီ နည်းဥပဒေ၏ နောက်ဆက်တွဲပါ ပုံစံ (၃)ဖြစ်သော ယာယီ သက်သေခံ လက်မှတ်ကို ထုတ်ပေးနိုင်ကြောင်း ထိုနည်း ဥပဒေတွင် ပြဋ္ဌာန်းပါရှိပါသည်။ ယာယီသက်သေခံ ကတ်ပြားမှာ အဖြူရောင်ဖြစ် သောကြောင့် White Card ဟုလည်း ခေါ်ဆိုကြသည်။ နိုင်ငံခြားသားများအား ထိုယာယီသက်သေခံလက်မှတ် ထုတ်ပေးနိုင်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက် တစ်စုံ တစ်ရာမရှိပါ။

12

ပုံစံ (၂)ခေါ် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြားသည် ၂၀၁၀ ရွေး

ကောက်ပွဲ ကျင်းပချိန်အထိ နိုင်ငံသားများ ရရှိခံစားခွင့်ရှိသော ရွေးကောက် တင် မြှောက်ခံပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့်၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ ရောင်းဝယ် ပေးကမ်းငှားရမ်း၊ ပေါင်နှံ၊ လွှဲပြောင်းခွင့်၊ ရဲဘက် ၊ စစ်ဘက်နှင့် ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့် စသည့် အခွင့် အရေးများကို အစိုးရမှ ခွင့်ပြုထားသဖြင့် ထိုလက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသားဟု နိုင်ငံတော်က အသိအမှတ်ပြုခဲ့သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ၁၅-၁၀-၁၉၈၂ နေ့တွင် ပြဋ္ဌာန်းပြီး

နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀-၉-၈၃ နေ့က ဝန်ကြီးအဖွဲ့၏ အမိန့်ကြော်ငြာစာများဖြင့် ပြဌာန်းထုတ်ပြန်နိုင်ခဲ့ သော်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ ဆိုသည့် စကားရပ်ကို ထည့်သွင်းပြဋ္ဌာန်း ထားခြင်း မရှိသဖြင့် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေအရရပ်ဆိုင်းခဲ့သည့် ၁၉၈၈ ခုနှစ်အထိ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဆိုရှယ်လစ်အစိုးရမှ တရားဝင်ကျင့်သုံးခြင်း မရှိ ဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် Dead Law အဖြစ် ရှိနေခဲ့သည်။

နဝတ ခေတ်တွင် ၁၉၉၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင်

လွယ်ကူချောမွေ့စေရေးအတွက် ထိုသေနေသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တဖန် အသက်သွင်း၍ အခြားတည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ယခင် အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်သူများအား နိုင်ငံ သား စိစစ်ရေး ကတ်ပြား ပုံစံ နိုင် ၆(က) နှင့် လဲလှယ်ပေးရန် ပုံစံ နိုင် (၂) ဖြည့်ခိုင်း ခဲ့သည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည်လည်း ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ အလိုအလျောက် နိုင်ငံသားဖြစ်သည့် အား

13 လျော်စွာ အမျိုးသားမှတ်ပုံတင် ကတ်ပြား ကိုင်ဆောင်သူများအားလုံး နိုင်(၂) ပုံစံ ဖြည့်ခဲ့ရသည်။ နဝတ အစိုးရမှ ရိုဟင်ဂျာ အနည်းစုကိုသာ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပုံစံ နိုင် ၆(က) လဲလှယ်ပေး၍ အများစုကို လဲလှယ်ပေးခြင်း မရှိခဲ့ပါ။ သို့သော်လည်း အလိုအလျောက် နိုင်ငံသားထက်တောင် လျော့သော ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေအရ နိုင်ငံခြားသား များမှ နိုင်ငံသားလျှောက်၍ ရရှိလာသော UCC နိုင်ငံသားလက်မှတ်ရရှိခဲ့သော အိန္ဒိယနှင့် တရုတ်လူမျိုးများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၂(စ) အရဟု ဆိုကာ နိုင်ငံသား စိစစ်ရေးကတ်ပြား ပုံစံ နိုင် ၆(က)ကို လဲလှယ်ပေးခဲ့သည်။

တဖန် ၁၉၉၁- ၁၉၉၂ နောက်ပိုင်း ပြည်သာယာ စစ်ဆင်ရေးကို အကြောင်း

ပြု၍ ရိုဟင်ဂျာများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာကူးသန်း ရောင်းဝယ်ရေးများကို ကန့်သတ်လိုက်ပြီး အမျိုးသားမှတ်ပုံတင် ကတ်များကိုအတင်း အဓမ္မ အပ်နှံခိုင်း၍ ယာယီသက်သေခံလက်မှတ် (အဖြူရောင်ကတ်)ဖြင့် အစားထိုး ခံခဲ့ရသည်။ ၎င်းနောက် ၁၁-၂-၂၀၁၅ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးမှ အမိန့် ကြော်ငြာစာအမှတ် ၁၉/၂၀၁၅ ကို ထုတ်ပြန်၍ ယာယီ သက်သေခံလက်မှတ် သက်တမ်းကုန်ဆုံးသည့်နေ့ကို ထုတ်ပြန်ကာ လက်မှတ်များကို အပ်နှံစေပြီး လက်ခံ ဖြတ်ပိုင်း ထုတ်ပေးခဲ့သည်။ ယခုတဖန် နိုင်ငံတော်မှ ယာယီသက်သေခံ လက်မှတ် အပ်နှံပြီး လက်ခံဖြတ်ပိုင်း ရရှိသူများအား ‘နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား’ကို ထုတ်ပေးနေသည်မှာ အစိုးရကိုယ်တိုင် လက်ခံအတည်ပြုပြီး ကျင့်သုံး နေသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် တည်ဆဲဥပဒေ များအရ ကိုက်ညီမှုရှိသလားဆိုသည့် အချက်ကို လေ့လာရန် လိုအပ်ပေသည်။

၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်

ရေး နည်းဥပဒေ များ၏ ပုဒမ် ၁၃ ပုဒမ် ခွဲ (၂) အရ ယာယီသက်သေခံလက်မတှ မ်ျားသည်

14 ဤနည်းဥပဒေ၏ နောက်တွင် ပူးတွဲပါရှိသည့် ပုံစံအတိုင်းဖြစ်ရမည်။ (၃)

ယာယီသက်သေခံလက်မှတ် အတည်ဖြစ်သည့် ကာလ အပိုင်းအခြားကို

နေ့ရက်သတ်မှတ်၍ ရက်ကန့်သတ်နိုင်သည်။ (၄)

ယာယီသက်သေခံလက်မှတ် ပိုင်ရှင်သည် မိမိလက်မှတ်ကို လက်မှတ်

အတည်ဖြစ်သည့် ကာလအပိုင်းအခြား ကုန်ဆုံးပြီးနောက် ခုနစ်ရက်အတွင်း စာရင်း ထိန်းထံ ပြန်အပ်ရမည်။ စာရင်းထိန်းသည် လိုအပ်လျှင် နောက်ထပ် မည်ရွေ့မည်မျှ ကာလ အပိုင်းအခြား အတွက် လက်မှတ် အတည်ဖြစ်ကြောင်း ထပ်ဆင့်လက်မှတ် ရေးထိုး၍ ထိုလက်မှတ်ကိုသော်လည်းကောင်း၊ သို့တည်းမဟုတ် ယာယီသက်သေခံ လက်မှတ် အသစ် တစ်ခုကိုသော်လည်းကောင်း ထုတ်ပေးနိုင်သည်။ (၅)

ယာယီသက်သေခံ လက်မှတ်ပိုင်ရှင်သည် ထိုယာယီသက်သေခံလက်မှတ်

အစား သက်သေခံကတ်ပြားရရှိသောအခါ ထိုယာယီသက်သေခံ လက်မှတ်ကို စာရင်းထိန်းထံ ပေးအပ်ရမည်ဟူ၍ ပါရှိပါသည်။

အထက်ပါ ပုဒ်မများအရ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်

ပြား ထုတ်ပေးရမည်ဟု တစ်လုံးတစ်ပါဒမျှ ရေးထားခြင်း မရှိခဲ့ပါ။

ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း(၃) ပုဒ်မ (၂၃) တွင် ၁၉၄၈

ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းကိုက်ညီပါက ဧည့် နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်ဟု ပါရှိပါသည်။

ပုဒ်မ (၂၃) အရဆိုလျှင် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်

15 (ရွေးချယ်ရေး)အက်ဥပဒေအရ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့သူများထဲမှဆုံးဖြတ် ချက်ပေးရန် ကျန်ရှိနေသူများဖြစ်သည်။ ၎င်းလျှောက်ထားသူများနှင့် ၎င်းတို့၏ သား သမီးများ အသက်ရှင်လျက်ရှိပါက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားအက်ဥပဒေအရ ဧည့်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် ၁၉၄၈ ခုနှစ် ပြည် ထောင်စု မြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်မှု) အက်ဥပဒေအရ အကျုံးမဝင်သော ကြောင့် ဧည့်နိုင်ငံသားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း(၄) ပုဒ်မ (၄၂) တွင် ၁၉၄၈

ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီကာလတွင် နိုင်ငံတော်အတွင်းတွင် ရောက်ရှိ နေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိ နေကြောင်း ခိုင်လုံသော အထောက်အထားဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်ဟု ပါရှိပါသည်။ ဤပုဒ်မသည်လည်း ပို၍ ရှင်းလင်းသည်ဟု ယူဆသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မတိုင်မီက နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု(ရွေးချယ်မှု) အက်ဥပဒေအရ လျှောက်ထားရန် ကျန်ခဲ့ပြီး သက်သေပြနိုင်လျှင် နိုင်ငံသား ပြုခွင့် ရရန်

လျှောက်ထားနိုင်သည်ဟု

ဆိုထားခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာများသည်

အထက်တွင် ဆိုခဲ့သည့်အတိုင်း ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄(၁) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ (က) (ခ) (ဂ) နှင့် ပုဒ်မ ၄(၂) အရ အလိုအလျောက် နိုင်ငံသားဖြစ်သောကြောင့် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေပုဒ်မ ၄၂အရ မည်သို့မျှ အကျုံးမဝင်ပါ။ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေ နှစ်ရပ်အရ မှတ်ပုံတင် လျှောက်ခဲ့ပြီး ပုံစံ (၂) အမျိုးသားမှတ်ပုံတင်ကိုင်ခွင့်

16 ရရှိခဲ့ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း များအရ ပုံစံနိုင်(၂) လျှောက်ခဲ့သူများ ဖြစ်သည်။ ၎င်းအချိန်များတွင် ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရသူများသည် ဧည့်ပုံစံနှင့် ပြု ပုံစံသာဖြည့်ခွင့်ရသည်။

ပုဒ်မ ၃၅ နှင့် ပုဒ်မ ၅၈ အရ ဧည့်နိုင်ငံသားတစ်ဦး သို့မဟုတ် နိုင်ငံသား

ပြုခွင့်ရသူသည် အောက်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဧည့်နိုင်ငံသား အဖြစ်မှသော်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှသော်လည်းကောင်း ဗဟို အဖွဲ့က ရုပ်သိမ်းနိုင်သည်ဟု ပါရှိသည်။ (က)

နိုင်ငံတော်ပါဝင်သော စစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊

ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏ နိုင်ငံ သားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း၊ သို့မဟုတ် ထိုသို့ ပြုလုပ်ခြင်းကို အားပေးကူညီခြင်း။ (ခ)

နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏

အဖွဲ့ဝင်နှင့် ဖြစ်စေ ကုန်သွယ်ခြင်း၊ သို့မဟုတ် ဆက်သွယ်ခြင်း၊ သို့မဟုတ် ထိုသို့ ပြုလုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း။ (ဂ)

နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ

အများပြည်သူတို့၏ သာယာရေးကိုဖြစ်စေ၊ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြု လုပ်နေသည်၊ ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိခြင်း။ (ဃ) နိုင်ငံတော် အကြည်ညို မဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူ အရာ ဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း။ (င)

နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်း

တစ်ခုကိုဖြစ်စေ တခြား တစ်နိုင်ငံကို ဖြစ်စေ၊ အခြားနိုင်ငံများကို ဖြစ်စေ သတင်းပေး

17 ခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်း။ (စ)

အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်

သောကြောင့် အနည်းဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် အနည်းဆုံး ငွေဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း ဟူ၍ ပါရှိပါသည်။



ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ တစ်ဦးဦးသည် အကျင့်စာရိတ္တနှင့်

ပတ်သက်၍ ဒဏ်ငွေ တစ်ထောင် ကျခံစေသော ပြစ်မှုတစ်ခုကို ကျူးလွန်ရုံဖြင့် ဧည့်နိုင်သား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရုပ်သိမ်းခံရနိုင်ကြောင်း သတိ ထားသင့်သည်။

တဖန် ပုဒ်မ ၄၁ နှင့် ပုဒ်မ ၆၄ အရ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား

ပြုခွင့် ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် ဧည့်နိုင်ငံသား အဖြစ် သော်လည်းကောင်း၊ နိုင်ငံသား ပြုခွင့်ရသူအဖြစ် ကိုသော်လည်းကောင်း ပြန်လည်

လျှောက်ထားခွင့်မရှိစေရဟု

ပါရှိသည်ကိုလည်း

သတိထားသင့်

ပါသည်။

နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူခြင်း

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆၅ တွင် ပုဂ္ဂိုလ်တစ်ဦးသည်

နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်လာပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည် ဟုပါရှိပါ သည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ တစုံတရာ မရှိပါ။

18 အထက်တွင်

ဆိုခဲ့သည့်အတိုင်း

၎င်းတို့သည်

ဥပဒေကြောင်းများအရ

အလို

အလျောက် နိုင်ငံသားဖြစ်သောကြောင့် ၁၉၄၈ မြန်မာနိုင်ငံသားအက်ဥပဒေ၊ ၁၉၄၉၊ ၁၉၅၁ ဥပဒေနှစ်ရပ်အရ မှတ်ပုံတင်ရေးဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား နည်း ဥပဒေနှင့်လုပ်ထုံးလုပ်နည်း များအရ ပုံစံ နိုင် (၂) ကို လျှောက်ခဲ့သူများဖြစ်ပြီး ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အရ ပုံစံ နိုင် ၆(က) နှင့် ပုဒ်မ ၂(စ)အရ ပုံစံ (နိုင်-၆) ကို ရရှိထိုက်သူများသာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားအရည်အချင်း အပြည့်အဝ ရှိသောသူများကို နိုင်ငံသားလက်မှတ်သာ ထုတ်ပေးရန်ရှိပြီး နိုင်ငံသား စိစစ်ခံရမည့် သူ၏ သက်သေခံကတ် ထုတ်ပေးခြင်း များသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း မည်သည့် ပုဒ်မနှင့်မျှ ကိုက်ညီမှုမရှိသည့်အပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ များနှင့်လည်း လုံးလုံးလျားလျားဆန့်ကျင်နေသော ကြောင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ အစိမ်းနုရောင်ကတ်ကို ဥပဒေ ကြောင်းအရ လက်ခံစရာမရှိကြောင်း တင်ပြအပ်ပါသည်။

အကယ်၍ လက်ခံမိပါက ရိုဟင်ဂျာ လူမျိုးများ၏ အနှစ်တစ်ရာကုစား၍

မရနိုင်သော အမှားမျိုးဖြစ်မည်ကို အထူးသတိ ထားသင့်ပါကြောင်း ထပ်ဆင့် တင်ပြ လိုက်ရပါသည်။

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးများသည် ရှေး

ခေတ်ပဝေသဏီ ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်လာခဲ့သော လူမျိုးတစ်မျိုး ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံတွင် ရှိခဲ့သော နိုင်ငံသားဥပဒေ နှစ်ရပ်စလုံးဖြင့် နိုင်ငံသား အရည်အချင်း ပြည့်ဝသော လူမျိုးတစ်မျိုးဖြစ်သည်။ ဤစာတမ်းသည် ဥပဒေကြောင်းကို အဓိက မီးမောင်းထိုးပြလိုသောကြောင့် ရိုဟင်ဂျာများ၏ သမိုင်း ကြောင်းကို တင်ပြလိုခြင်းမရှိပါ။

19

လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည့်

အသွင်ကူးပြောင်းစ ကာလ ဖြစ်နေပါသည်။ လူတစ်စုမှ မနှစ်သက်၍ လူမျိုးတစ်စု လုံးကို နိုင်ငံသားအဖြစ်မှ ဖယ်ထုတ်နေလျှင် ယဉ်ကျေးသော ကမ္ဘာကြီးမှ မျက်စိ စုံမှိတ်နေမည်မဟုတ် သလို အမိမြန်မာနိုင်ငံတော်သည်လည်း တင်းပြည့် ဒီမိုကရေစီ နိုင်ငံတော်မှ သွေဖည်ကာ ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံအဖြစ်မှလည်း မထွက်နိုင် ဘဲ

ပြဿနာဝဲဂယက်တွင်

ရှိနေမည်ဖြစ်သည်။

တစ်ဖက်တွင်

ရိုဟင်ဂျာများ

နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေမှုကြောင့် ၎င်းတို့၏ ဘဝအနာဂတ် ဖျက်ဆီးခံရသလို တစ်ချိန်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် စံပြနိုင်ငံဖြစ်သော မြန်မာ နိုင်ငံအတွက်လည်း

များစွာဆုံးရှုံးမှု

ရင်ဆိုင်ခဲ့ပြီး

အသွင်ကူးပြောင်းမှုကိုလည်း

ထိခိုက် နစ်နာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ မောင်ရွှေခိုင် (ကစ္ဆပနဒီ)

ဤစာတမ်းနှင့်ပတ်သက်၍ ဝေဖန်အကြံပြုလိုလျှင် [email protected] သို့ စာရေးသား ပေးပို့နိုင်ပါသည်။

20 ရည်ညွှန်းကိုးကား ၁။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ။

၂။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ။

၃။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ။

၎။ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ။ ၅။

၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ။

၆။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ။

၇။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ။

၈။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား အက်ဥပဒေ။

၉။

နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ။

၁၀။  တည်ဆဲဥပဒေများနှင့် ဆန္ဒမဲပေးခွင့် ပြဿနာ။ [ဦးမောင်ဖေတင် လွှတ်တော်ရှေ့နေ)] ၁၁။ 

မြန်မာနိုင်ငံနှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ။



[မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)]

(တရား

View more...

Comments

Copyright ©2017 KUPDF Inc.
SUPPORT KUPDF